မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦနှင့် စေတီပျက်များရှင်းလင်းနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

အမရပူရ မေ ၂၄

အမရပူရခရိုင်၊ အမရပူရမြို့ပေါ်ရှိ တောင်မင်းကြီးဘုရား၊ ဘုရားသုံးဆူနှင့် ရွှေဂူကြီးဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ပျက်စီးသွားသော ကျောင်းတိုက်များကို သန့်ရှင်းရေးများ ပြုလုပ်နေရာသို့ ယမန်နေ့နံနက် ၁၁ နာရီအချိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) စစ်ဆေးရေးအရာရှိချုပ်  ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊  အဖွဲ့ဝင်(၁)ဗိုလ်မူး ကျော်တေဇနှင့် ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးသိန်းတိုးဝင်းတို့မှ ကြိုဆိုခဲ့ကြပြီး ကျောင်းအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သောအဆောက်အဦများ၊​ စေတီနှင့်ပုထိုးများ၏ ပျက်စီးမှုများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

စိုးသီဟ(ပြန်/ဆက်)