ပြည်ကြီးတံခွန်မြို့နယ်(ဃ)ရပ်ကွက်၊ ကျန်းမာရေးဦးစီးဌာနတွင် အသက်(၅၀)နှင့်အထက် ပြည်သူများအား Covid-19 ရောဂါကြိုတင် ကာကွယ်ဆေး ထိုးနှံပေး
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊(ဃ)ရပ်ကွက်၊ကျန်းမာရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်မြတ်မိုးဦးနှင့် အဖွဲ့ဝင်များက အသက် (၅၀)နှင့်အထက် Covid-19 ရောဂါကြိုတင်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။