တောင်သာ ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန (၄) ခုတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် ၂၀၂၅.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြရာ စာစစ်ဌာန (၄) ခုဖြစ်သည့် အ.ထ.ကတောင်သာ၊ အ.ထ.ကဝဲလောင်၊ အ.ထ.ကဇဂျမ်း၊ အ.ထ.က ကျောဇီတို့တွင် ကျောင်းသား (၂၅၈) ဦး၊ ကျောင်းသူ (၄၇၁) ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၇၂၉) ဦးအနက် အင်္ဂလိပ်စာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၂၃၅) ဦး၊ ကျောင်းသူ (၄၄၆) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၈၁) ဦး၊ (၉၃.၄၂) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဟန်သူရနှင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)