ပြည်ကြီးတံခွန် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ကျန်းမာရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်မြတ်မိုးဦးနှင့် အဖွဲ့ဝင်များက အသက် (၅၀)နှင့်အထက် Covid-19 ရောဂါကြိုတင်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ၊ covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်ရှောင်ရန်များကို မှာကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနတွင် အသက်(၅၀)နှင့်အထက် ပြည်သူများအား Covid-19 ရောဂါကြိုတင် ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းမောင်