ချမ်းမြသာစည်မြို့နယ်တွင်အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆို

ချမ်းမြသာစည်   ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌‌မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြန်လည်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် စာမေးပွဲ၏ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများက စာဖြေဌာနအသီးသီးတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကာလကို ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ချမ်းမြသာစည်မြို့နယ် တွင် စာဖြေဌာန(၆)နေရာ ထားရှိကာ ယနေ့အင်္ဂလိပ်စာဘာသာရပ် ဘာသာဖြေဆိုရာတွင် စာရင်းရှိကျောင်းသား/သူ (၂၁၃၆) ဦး၊ ပျက်ကွက် ကျောင်းသား/သူ (၃၄) ဦး၊ ဖြေဆို ကျောင်းသား/သူ(၂၁၀၂) ဦး ဖြေဆိုခဲ့ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုသန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့