မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၆ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း ဆောင်ရွက်မည်

မိတ္ထီလာ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းကို ခရိုင်အတွင်းရှိ ကျေးရွာ ၆ ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။

မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာမြို့နယ် ညောင်ဇောက်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ၊ ညောင်မြင့်ကျေးရွာအုပ်စု ပျော်ကုန်းကျေးရွာ၊ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာအုပ်စု ဆည်တော ကျေးရွာ၊ ဝမ်းတွင်းမြို့နယ် သခွတ်မြင့်ကျေးရွာအုပ်စု သခွတ်မြင့်ကျေးရွာ၊ သာစည်မြို့နယ် တောကင်းကျေးရွာအုပ်စု သီးကုန်းကျေးရွာနဲ့ ကျွဲတပ်ဆုံကျေးရွာအုပ်စု မုံပင်ဆုံကျေးရွာတို့မှာ ၂ဝ၂၅- ၂ဝ၂၆ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းများကို ပြီးစီးအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု အဆိုပါဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက ပြောသည်။

အဆိုပါ ကျေးရွာများ၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းများဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၉ဝ သန်း၊ သက်ဆိုင်ရာကျေးရွာများမှ ပြည်သူထည့်ဝင်ငွေကျပ် ၄၁.၁၄ဝ သန်း စုစုပေါင်း ငွေကျပ် ၁၃၁.၁၄ဝ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

ချမ်းသာ