အမရပူရ ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမှ မပြုလုပ်ရသေးသော ကျေးရွာသူ/သားများအား ဇွန်လ ၁၆ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အမရပူရ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တောင်သမန် တိုက်နယ်မှူး ဒေါ်ခင်သူဇာအောင် ဦးစီးသောအဖွဲ့မှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ရာ အကျုံးဝင်ကျေးရွာသား ကျား ၃၀ ဦးနှင့် မ ၂၇ ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အမရပူရမြို့နယ် လဝက ဦးစီးမှူး ဦးတင်ကိုကိုဝင်း ထံမှသိရသည်။
စိုးသီဟ(အမရ)