မန္တလေးတိုင်းဒေသကြီး

ချမ်းအေးသာစံမြို့နယ်တွင် တတိယနေ့မြောက် သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၅၁၇)ဦး လာရောက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများသည် စာဖြေဌာနအသီးသီးတွင် စိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိသည်။

ပြည်ကြီးတံခွန်မြို့နယ် တက္ကသိုလ်ဝင်စာဖြေဌာနကျောင်းများတွင်  Grade -12 ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာစာဘာသာရပ်အား ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်သွားခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် Grade-12အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ကာ ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ တက္ကသိုလ်ဝင် စာဖြေဌာနကျောင်းများတွင် Grade-12 ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ‌သင်္ချာစာဘာသာရပ်အား တတိယနေ့အဖြစ် ပြန်လည် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ IPS-2 ကိုယ်ပိုင်အထက်တန်းကျောင်း၌ ငလျင်ဘေးနှင့်သဘာဝဘေးဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှငလျင်ဘေးနှင့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အောင်မင်္ဂလာရပ်ကွက်ရှိ IPS-2 (International Private School -2) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များက သံဃာတော်များအား (၂၀၂)ကြိမ်မြောက်စုပေါင်းဘုံဆွမ်း လောင်းလှူ

မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၏ (၂၀၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလာင်းလှူပွဲကို ဇွန်လ ၁၈ ရက် နေ့နံနက် ၅ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၈၉ လမ်း၊ ၈×၉ လမ်း ကြားရှိ ညောင်ကွဲရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ရုံးရှေ့၌ ယနေ့နံနက် ၅ နာရီက လောင်းလှူကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ရတနာပုံရေကူးကန်ဝင်း၌ ဆောက်လုပ်ထားသည့် ယာယီအိမ်ရာအဆောက်အဦများ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားသို့ တက်ရောက်

မန္တလေးမြို့၊အောင်မြေသာစံခရိုင်၊အောင်မြေသာစံမြို့နယ်ရှိ ရတနာပုံရေကူးကန်ဝင်း၌ ဆောက်လုပ်ထားသည့် ယာယီအိမ်ရာအဆောက်အဦများ လှူဒါန်းလွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါနေရာ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ Mega Thirty Nine Development Co.,Ltd မှ တာဝန်ရှိသူများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှအရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပြန်လည်ကျင်းပစစ်ဆေးသည့်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12) ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှု

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12)ကို ပြန်လည်ကျင်းပ စစ်ဆေးခြင်းများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ဇွန် ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး ဇွန် ၁၇ ရက်နေ့  ဒုတိယနေ့၌ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုလျက်ရှိရာ ဇွန်လ (၁၇)ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ကျောက်ဆည်ခရိုင်အတွင်း သတ်မှတ်စာဖြေဌာနများ၌ ကျောင်းသား၊ ကျောင်းသူများဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး မြင်းခြံမြို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး မြင်းခြံမြို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်းကို ယနေ့နေ့လယ် (၂) နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ပန်းတိုင်သီးနှံ (၇) မျိုး အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် အဓိကပန်းတိုင် (၇) မျိုး အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများအထွက်နှုန်းတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာတွင် ယနေ့နံနက် (၁၁)နာရီက ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲအခြေခံပညာ အထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် (၁၀)နာရီခွဲအချိန်က အဆိုပါကျောင်းကွင်း၌ ပြသဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သီရီပျံချီ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး