သာစည် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုလျက်ရှိရာ ဒုတိယနေ့အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား/သူများ ယနေ့နံနက် ၉ နာရီက စာစစ်ဌာနအသီးသီးတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ်၌ စာစစ်ဌာန ၅ ခုဖြင့် ဖြေဆိုရန် ကျောင်းသား/သူ ၁၃၄၃ ဦး စာရင်းရှိရာ မြန်မာစာဘာသာရပ် ကို ၁၃၂၉ ဦးဝင်ရောက်ဖြေဆိုပြီး ယနေ့တွင်လည်း ထပ်မံပျက်ကွက်သူမရှိပဲ ၁၃၂၉ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် အပြင်စည်းလုံခြုံရေးကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက စာစစ်ဌာနများသို့ လိုက်လံကြည့်ရှုပြီး အပြင်စည်းလုံခြုံရေးအဖွဲ့များ၊ စာစစ်ဌာနတာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)