ရှမ်းပြည်နယ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်၉နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

​ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာဗိမာန်ခန်းမ၌ ယမန်နေ့ နံနက်၁၀နာရီက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာလေမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (တာလေ)၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

မိုင်းပျဉ်းမြို့ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အာဇာနည်နေ့အထိမ်းအမှတ် ဟော‌ပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲ၊ စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်ဝိုင်းနှင့်ပြပွဲများကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၉) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၊ စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်ဝိုင်းနှင့်နံရံကပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သက်ငယ်မုဒိမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ဥပဒေနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း၌ သက်ငယ်မုဒိမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ကျောက်မဲမြို့၌ ကျောင်းသားလူငယ်များအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပြီး လက်တွေ့သရုပ်ပြ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) သီရိရတနာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျောင်းသားလူငယ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရနရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ဆောင်ရွက်သည်။

မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး မိုးနဲမြို့နယ် ကျန်းမာရေး၊ ပညာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းအချိန်က မိုးနဲမြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်