မိုင်းတုံမြို့၌ ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂ ပျိုးထောင်ထားရှိမှုအခြေအ နေကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂ ပျိုးထောင်ထားရှိမှုစပါး စိုက်ကွက်များသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၉:၀၀ နာရီက ရှမ်းပြည်နယ်စိုက်ပျိုးရေးမွေးမြူးရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီအဖွဲ့ဝင်ဦးအိုက် ပလိတ်၊ ပြည်နယ်လွတ်တော်ကိုယ် စားလှယ်များစစ်ဆေးရေးကော်မတီအတွင်းရေးမှူး ဦးစောမူးလာ၊ မိုင်းတုံမြို့နယ်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိနှင့် ဝန်ထမ်းများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။