တာလေမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကွင်းဆင်းဆောင်ရွက်ပေး

တာလေ ဇူလိုင် ၁၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(တာလေ)၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယလက်ထောက်ဦးစီးမှူး ဦးစည်သူမျိုးနှင့်ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၉၃ ဦးအား Biometric data များ စိစစ်ကောက်ယူ၍ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းနှင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များထည့်သွင်း၍ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)