ရှမ်းပြည်နယ်

(၆၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးသီးမြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၌ ယနေ့နံနက် ၇ နာရီမှ ၉ နာရီအထိ အခြေခံပညာမူလတန်းလွန်ကျောင်း(လုံပု)၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။

ကျောက်မဲ၌ မြို့နယ်အဆင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းနှင့် ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲ ကျင်းပ

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒါစရိယ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်သည့် မြို့နယ်အဆင့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းနှင့် ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီက ခိုမုန်းကျေးရွာအုပ်စု၊ ထမ်းလင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲ၊ စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်ဝိုင်းနှင့်ပြပွဲများ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၊ စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်ဝိုင်းနှင့်နံရံကပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးမြို့ အ.ထ.က (၆) တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ဇူလိုင်လ ၁၆ ရက်က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။

လင်းခေးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ KG နှင့် Grade-1 ကျောင်းသား/ကျောင်းသူကလေးငယ်များအား နေ့လည်စာအာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရပြည့်ဝစုံလင်ပြီး ဉာဏ်ရည်နှင့်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ ခန္ဓာကိုယ်ကြီးထွားစေသောအစားအစာ၊ အင်အားဖြစ်စေသောအစားအစာနှင့် ရောဂါကာကွယ်စေသောအစားအစာဟူသည့် အစာအုပ်စု(၃)အုပ်စုလုံးကို မျှတစွာစားသုံးတတ်စေရန်၊ အစာမစားမီလက်ဆေးခြင်း အလေ့အထကောင်းများရရှိလာစေရန်ဟူသည့် ရည်ရွယ်ချက်အားဖြင့်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများပူးပေါင်း၍ “အနာဂတ်ကြယ်ပွင့်ကလေးများ ကျန်းမာဖွံ့ဖြိုးဖို့ကျောင်းတွင်းအာဟာရမြှင့်တင်စို့” အစီအစဉ်ဖြင့် ယမန်နေ့ နေ့လယ်ပိုင်းတွင် အခြေခံပညာကျောင်းများရှိ (KG)နှင့် (Grade-1)ကျောင်းသား/ကျောင်းသူကလေးငယ်များအား နေ့လည်စာအာဟာရ (ထမင်းဟင်း)ကျွေးမွေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟိုမိန်းမြို့၌ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့၌ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်မဲခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းခတ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Unity Sports Design and Jersey တို့ ပူးပေါင်းကျင်းပသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၅ ရက် ညနေ ၃ နာရီအချိန်က မိုင်းခတ်မြို့နယ်အားကစားကွင်း၌ စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်