မိုင်းခုတ်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

​မိုင်းခုတ် ဇူလိုင် ၁၆

​ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာဗိမာန်ခန်းမ၌ ယမန်နေ့ နံနက်၁၀နာရီက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

​ဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးသန်းမြင့်နိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ နိုင်ငံတော်အပေါ်ထားရှိခဲ့သည့် စိတ်ဓာတ်နှင့် စွန့်လွှတ်အနစ်နာခံမှုများကို ကျောင်းသား၊ကျောင်းသူများ သိရှိနားလည်စေရန်နှင့် အာဇာနည်စိတ်ဓာတ်များ ထွန်းကားလာစေရန်ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆရာ၊ ဆရာမများက အာဇာနည်နေ့၏ အဓိပ္ပာယ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်းချုပ်နှင့် နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို အသေးစိတ် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မိုင်းခုတ်(ပြန်/ဆက်)