မိုင်းပျဉ်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ စာပေ၏အကျိုးကျေးဇူးများအကြောင်းနှင့် အွန်လိုင်းဂိမ်းများ၏ ဆိုကျိုးများအကြောင်းတို့ကို ဆွေးနွေးဟောပြောသည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား၊ကျောင်းသူ (၁၃)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိကျောင်သား၊ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ဆုများချီးမြှင့်ပေးခဲ့သည်။ အဆိုပါ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော စာအုပ်၊စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာခဲ့ကြပြီး၊ ဟောပြောပွဲသို့ အ.မ.က(မိုင်းပျဉ်း)မှ ကျောင်းအုပ်ကြီးနှင့်ဆရာမများ၊ Grade-4 ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)