မိုင်းယောင်း ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များအား စနစ်တကျ ရောင်းချစေရေး၊ စက်သုံးဆီဈေးနှုန်း၊ အခြင်အတွယ်နှင့် အရည်အသွေးမှန်ကန်စေရေး၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စက်သုံးဆီ ရောင်းချခြင်း မပြုစေရေးတို့ကို မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သော အင်အား ၁၁ ဦးဖြင့် ကွင်းဆင်းစစ်ဆေးသည်။
ထို့နောက် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၌ ယစ်မျိုးလိုင်စင် တည်နေရာပြောင်း၊ အမည်ပြောင်း လျှောက်ထားသည့်နေရာအား ကွင်းဆင်းစစ်ဆေးပြီး ဟောင်ကြန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်လုံးကျွတ်ဝါဆိုသင်္ကန်း ဆက်ကပ်ရာတွင် ဆွမ်းအလှူအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း