မိုင်းယန်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ဥပဒေနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း၌ သက်ငယ်မုဒိမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဇာဇာဝင်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အသိပညာပေးလုပ်ငန်းများ လှုပ်ရှားဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများအား သက်ငယ်မုဒိမ်းမှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးရှင်းလင်းဟောပြောသည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးဦးက ကျောင်းသား၊ကျောင်းသူများအား သက်ငယ်မုဒိမ်းမှုဖြစ်ပွားစေနိုင်သည့် အဓိကအကြောင်းအရင်းများ၊ သက်ငယ်မုဒိမ်းမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ကြိုတင်ကာကွယ်ရေးနှင့် တားဆီးကာကွယ်ရေးဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး