ရှမ်းပြည်နယ်

တာလေမြို့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟာပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(တာလေ) ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ် ဆင်လမ်းစု အခြေခံပညာအထက်တန်‌ကျောင်း (ခွဲ) ‌စာသင်ကျောင်းဆောင်နှင့် သိပ္ပံဆောင်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဆင်လမ်းစု အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ (ပေ၉၀×ပေ၃၀) စာသင်ကျောင်းဆောင်နှင့် (ပေ၉၀×ပေ၃၀) သိပ္ပံကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၅ ရက် နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့ ၊ အမက ပန်မုန့်ကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်းကျောင်းပန်မုန့်၌ ယနေ့နံနက် ၁၀ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မြို့သစ်မြို့နယ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် တေးသရုပ်ဖော်ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် တေးသရုပ်ဖော်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက-၁)ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

သီပေါမြို့နယ်၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၂ နာရီ ကျင်းပပြုလုပ်ဆောင်ရွက်သည်။

မိုင်းနောင်မြို့တွင် (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင်ကျရောက်မည့် (၆၂)ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က တိုက်နယ်ပြည်သူ့ဆေးရုံတွင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တာချီလိတ်မြို့၌ KG ကျောင်းသား၊ ကျောင်းသူလေးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ KG ကျောင်းသား၊ ကျောင်းသူလေးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်သည်။

မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဖြင့် စာဖတ်ဝိုင်းဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ လူအများရှေ့တွင် ပြောဆိုနိုင်သည့်အလေ့အထကောင်းများရရှိစေရန် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဖြင့် စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားထားသော "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်