ပင်လုံ ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်းကျောင်းပန်မုန့်၌ ယနေ့နံနက် ၁၀ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ကျောင်းသား/ကျောင်းသူများအားမြန်မာနိုင်ငံတော်၏သမိုင်းကြောင်းများကိုသိရှိစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် အာဇာနည်စိတ်ဓာတ်အကြောင်းများ ဟောပြော၍ လူငယ်လူရွယ်လေးများ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဟောပြောပြီး တိုင်းရင်းဆေးမှူး ဒေါ်စကားဝါက အိမ်တွင်းမိရိုးဖလာတိုင်းရင်းဆေးနည်းများ၊ ရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများအကြောင်းနှင့် တိုင်းရင်းဆေးနည်းဖြင့် ကာကွယ်နည်း၊ ကုသနည်းများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးနံရံကပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)