ပင်လောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပင်လောင်း ဇူလိုင် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ဈေးတန်းရပ်ကွက်ဓမ္မာရုံတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲပြုလုပ်ရာ ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာခင်သိန်းထွေးက သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် ခြင်များမခိုအောင်းနိုင်အောင် အိမ်တွင်းအိမ်ပြင်ရှိ ချုံနွယ်သစ်ပင်များ၊ ခုတ်ခွင် ရှင်းလင်းခြင်းနှင့် ပိုးလောက်လန်းများ မပေါက်ဖွားနိုင်အောင် ဖုံး၊ သွန်း၊ လဲ၊ စစ်၊ လုပ်ငန်းများ ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ရပ်ကွက်အတွင်းနှင့် မြို့မရဲစခန်းအတွင်းသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်း၊ လဲ၊ စစ်လုပ်ငန်းများနှင့် ရေလှောင်အတွင်းသို့ အဘိတ်ဆေး ခတ်ထည့်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်