မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဖြင့် စာဖတ်ဝိုင်းဆွေးနွေး

မိုင်းယန်း ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ လူအများရှေ့တွင် ပြောဆိုနိုင်သည့်အလေ့အထကောင်းများရရှိစေရန် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဖြင့် စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားထားသော "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် လူအများရှေ့တွင်ပြောဆိုနိုင်သည့်အလေ့အထကောင်းများရရှိစေရန် ရှင်းလင်းပြောကြားပြီး "ဝိုးတဝါးလမ်းနှင့် အတွေးအမြင် အလင်းရောင်" ခေါင်းစဉ်ဖြင့် လူ့ဘဝ လူ့လောကမှ လူမှုပြဿနာဆိုင်ရာအကြောင်းအရာများဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင် ဦးအောင်မျိုးသန့်မှ  "တွေဝေခြင်းကို ကျောခိုင်းခြင်း"ခေါင်းစဉ်ဖြင့် ဒုက္ခအန္တရာယ်တွေကြောင့် အရည်အသွေးမြင့်လာသူတို့၏ သင်ခန်းစာအကြောင်းအရာများဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင် ဦးအောင်မျိုးဦးမှ "ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ပဲ့ကိုင်" ခေါင်းစဉ်ဖြင့် အောင်မြင်ပြီးစီးနိုင်တဲ့ အခြေခံအကြောင်းတရားများ၊ ရေအဆန်၊ လေအထန်၊ မုန်တိုင်းဒဏ်တွေကို ဖြတ်ကျော်နိုင်ရန် ကိုယ်တိုင်ပဲ့ကိုင်ပြုနိုင်ပြီး အခက်အခဲတွေကနေ ကျော်လွှားဖြေရှင်းနိုင်မည့် အကြောင်းအရာများဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင် ဒေါ်ဇာဇာဝင်းမှ "ငြိမ်းအေးခြင်းဟူသော အဆုံးပန်းတိုင်"ခေါင်းစဉ်ဖြင့် လောကအောင်မြင်မှုတွေကို ကျော်လွန်သော အောင်မြင်မှု၊ ဆန္ဒပြင်းထန်သူ၊ စိတ်ဓာတ်ခိုင်ခံ့သူ၊ ဝီရိယမြဲမြံသူ၊ အသိအမြင်၊ ဆင်ခြင်ဉာဏ်ရှိသူဖြစ်ရန် ကြိုးပမ်းလျှောက်လှမ်းရမည့် အသိပညာပေးအကြောင်းအရာများဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဆွေးနွေးချက်များအပေါ် မိမိတို့ထင်မြင်ယူဆချက်များ၊ အကြံပြုသုံးသပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး