ရှမ်းပြည်နယ်

မိုင်းရယ်မြို့နယ် မူလွန်-၁ လူငယ်ရေးရာဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့ နေ့လည်(၁)နာရီက အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲ ပြုလုပ်သည်။

ကျေးသီးမြို့နယ်တွင် ငလျင်ဘေး၊မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှလုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့်ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရန်အတွက် မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ အကြံပေး၊ နွေမှာအသင့်ရှိရေးနှင့်အညီ ရပ်ကွက်၊ကျေးရွာများတွင် မီးသတိပေးဆော်ဩခြင်း၊ ငလျင်ဘေးနှင့်သက်ဆိုင်သည့်အသိပညာများဟောပြောခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(လုံပု)တွင် ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်ခဲ့သည်။

ကလောမြို့နယ်၌ အထက်တန်းအဆင့် ကျပန်းစကား‌‌ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကား‌‌ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟို ဌာန၌ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်တွင် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲများနှင့် ဆုများချီးမြှင့် အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းနှင့် မိုးရိပ်ရှမ်းတောင် လူမှုကူညီရေးအသင်းတို့ပူးပေါင်းဆောင်ရွက်သော (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအထက်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့သည်။

ရပ်စောက်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)တွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ သိမ်နှုတ် သိမ်သမုတ် အောင်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ သိမ်နှုတ် သိမ်သမုတ် အောင်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ဇူလိုင်  ၁၆ ရက် နံနက် ၉ နာရီက အမှတ် (၇) အ‌ခြေခံပညာအထက်တန်းကျောင်း၊အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

(၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိူင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များကို မမေ့အပ်ပဲအစဉ်မြဲတန်ဖိုးထားတက်စေရန် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သီ‌ပေါမြို့ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ခြင်းအခမ်းအနား တက်ရောက်ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ကွန်ကရစ်ဇလီဖားစက်ရုံ (သီပေါ) ပြန်လည် လည်ပတ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါစက်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ နမ့်ပန်မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမီတက်၏ စုဆောင်းငွေအပေါ် အတိုးအမြတ်ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ နမ့်ပန်မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမီတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဝိသာခါဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်