မိုင်းနောင်မြို့တွင် (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မိုင်းနောင် ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင်ကျရောက်မည့် (၆၂)ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က တိုက်နယ်ပြည်သူ့ဆေးရုံတွင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ကျေးသီးမြို့နယ်၊ မိုင်းနောင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်းနှင့်ဇနီးတို့ကဦးဆောင်ကာ အရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက ပြည်သူ့ဆေးရုံမျက်နှာစာ အတွင်း၊အပြင်သန့်ရှင်းသာယာလှပရေးအတွက် ပေါင်းမြက်များရှင်းလင်းခြင်း၊ အမှိုက်သိမ်းခြင်း၊ တံမျက်စီးလှဲခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)