တာလေ ဇူလိုင် ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(တာလေ) ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း( တာလေ) မှ ကျောင်းအုပ်ဆရာကြီး ဦးကောင်းမြတ်ဦးက အဖွင့်အမှာစကားပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်တင်မျိုးခိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းကို အသိပညာပေးဟောပြောသည်။ ယင်းနောက် အလယ်တန်းပြဆရာမ ဒေါ်သီတာအေးနှင့်အလယ်တန်းပြဆရာမ ဒေါ်အိမွန်ဇော်တို့က အာဇာနည် (၉) ဦး၏ အထုတ်ပတ္တိအကြောင်းနှင့် အာဇာနည်စိတ်ဓာတ်အကြောင်းများကို အသိပညာပေးဟောပြောခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သီတာအေးက အာဇာနည်နေ့အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။
ထိုနောက် တာလေမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ/ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစားဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)