သီပေါ ဇူလိုင် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၂ နာရီ ကျင်းပပြုလုပ်ဆောင်ရွက်သည်။
ဦးစွာ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးစုမာလာက အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိန်မောင်ဌေးက ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် ပလတ်စတစ်ဖြစ်ပေါ်လာပုံ၊ ကဏ္ဍအလိုက် ပလတ်စတစ် သုံးစွဲမှုအခြေအနေ၊ ပလတ်စတစ်ပစ္စည်းများ၏ ဆိုးကျိုးနှင့်ဖြစ်ပေါ်နိုင်သောရောဂါများ၊ တစ်ခါသုံးပလပ်စတစ်ပစ္စည်းများနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးနိုင်မှုများစသည်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ (၂၃၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)