ရှမ်းပြည်နယ်

နောင်တရားမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကလိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/ကျောင်းသူများအား ပညာထူးချွန်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ပညာထူးချွန်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ရွှေမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက ညောင်ရွှေမြို့၊ ဟူပင်ဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုင်းနောင်မြို့ လယ်ဓမ္မာရုံအပတ်စဥ်ဓမ္မစကူးလ်တွင် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မြို့လယ်ဓမ္မာရုံတွင် အပတ်စဥ်ဓမ္မစကူးလ်တက်ရောက်နေသော ကျောင်းသားလူငယ်များအား ဓမ္မစာပေများအပြင် ပြင်ပဗဟုသုတများလေ့လာနိုင်ရန် နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့ နေ့လည်(၁)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူများစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာရေးဆရာအောင်သင်း၏ လူငယ်ရဲ့ဘဝနှင့်တန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။

ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူ လူငယ်များစာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရေး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ထီပုန်းအခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ကျိုင်းတုံမြို့၌ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းဖြင့် တိရစ္ဆာန်များဖြန့်ဖြူးပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းဖြင့် တိရစ္ဆာန်များဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

မိုင်းဖြတ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ ညောင်ရွှေမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးတက်ရောက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် ညောင်ရွှေမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၆)သို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့သည်။

ကျောက်မဲ၌ မြို့နယ်အဆင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းနှင့် ဝိနည်းဓိုရ်(ဆင့်ပွား) သင်တန်းဆင်းပွဲ ကျင်းပ

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒအရ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် မြို့နယ်အဆင့်ကျောင်းထိုင်ဘုန်းကြီးသင်တန်းနှင့် ဝိနည်းဓိုရ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခိုမုန်းကျေးရွာအုပ်စု၊ ထမ်းလင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်