ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ ညောင်ရွှေမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးတက်ရောက်

ညောင်ရွှေ ဇူလိုင် ၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် ညောင်ရွှေမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၆)သို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ဇင်မာတင်ထွန်းက စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် နှစ်အလိုက်ဦးစားပေးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။ ထို့နောက် အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည့်လုပ်ငန်းများနှင့် နှစ်အလိုက်ဆောင်ရွက်မည့်အစီအစဉ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်