ရှမ်းပြည်နယ်

ပင်းတယမြို့နယ်၌ စက်ချုပ်နည်းပညာသင်တန်းအတွက် လုပ်ငန်းသုံးပစ္စည်းပေးအပ်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းတို့အတွက် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ယနေ့တွင် MEVM မဲပေးစက်ဖြင့် ဌာနဆိုင်ရာများ လွယ်ကူစွာမဲပေးနိုင်ရန် မဲဆန္ဒရှင်အသိပညာပေးသင်တန်းကို နောင်ချိုမြို့ မြို့နယ်ခန်းမ၌ကျင်းပရာ နောင်ချိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများစုစုပေါင်း (၁၄၆)ဦး တက်ရောက်ခဲ့ကာ ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်က သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။

ပင်းတယမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထုတ်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ လူမှုရေးပင်စင်ထောက်ပံ့ငွေ များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်မြို့နယ် ဝမ်လုံကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီက ဟိုက်ဖတ်ကျေးရွာအုပ်စုရှိ ဝမ်လုံကျေးရွာဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် ပင်လောင်းကြီးကျေးရွာ၌ ဖောင်တော်ဦးဘုရားပွဲတော်ကို အစဉ်လာမပျက် ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်လောင်းကြီးကျေးရွာ၌ ဖောင်တော်ဦးဘုရားပွဲတော်သည် နှစ်စဉ် တော်သလင်းလပြည့်ကျော် (၁)ရက်နေ့တွင် အစဉ်လာမပျက် စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးမှစတင်၍ ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမကြီးအတိုင်း လှည့်လည်အပူဇော်ခံခဲ့ကြသည်။ 

ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် နောင်ချိုမြို့ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါ၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဆရာမများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်ကျင်သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုအ‌ခြေအနေများကို စက်တင်ဘာ ၆ ရက်နံနက် ၈ နာရီက ကွင်းဆင်ကြည့်ရှုအားပေး စကားပြောကြားခဲ့သည်။

မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ကျောင်းသား/ကျောင်းသူလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေးနှင့် နိုင်ငံတော်အတွက်အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းနောင်မြို့တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးနှင့် ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းနှင့် ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်