ရှမ်းပြည်နယ်

ကလောမြို့နယ်၊ တောင်နီကျေးရွာ၌ ကျန်းမာရေးအခမဲ့ကွင်းဆင်းစောင့်ရှောက်မှုပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ တောင်နီကျေးရွာ၌ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းကတာဝန်ရှိသူများက ကျန်းမာရေးအခမဲ့ကွင်းဆင်းစောင့်ရှောက်မှု‌ ပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ဖိုင်ကန်ရေလွှဲဆည် ဆောင်ရွက်ပြီးစီးမှူးအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစိုင်းဟွမ်နွဲ့နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရက်(၁၀၀)စီမံကိန်းဖြင့် နမ့်လန်း‌ကျေးရွာအုပ်စု၊ နမ့်ဖတ်ချောင်းပေါ်တွင်အကောင်အထည် ဖော်ဆောင်ရွက်သည့် ဖိုင်ကန်ရေလွှဲဆည်ပြီးစီးမှူးအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ခိုမုန်းကျေးရွာ ထမ်းလင်းကျောင်းတိုက်၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပြီး လက်တွေ့သရုပ်ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု ခိုမုန်းကျေးရွာ ထမ်းလင်းကျောင်းတိုက်၌ ဖွင့်လှစ်လျက်ရှိသော မြို့နယ်အဆင့်သံဃနာယက၊ ကျောင်းထိုင်ဘုန်းကြီးကျောင်းသင်တန်းနှင့် ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၆)တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့၌ အခြေခံစာတတ်မြောက်ရေး သင်ကြားနေမှု ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးသင်ကြားနေမှုအား ဇူလိုင် ၁၇ ရက်က တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

မူဆယ်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မူဆယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့တော်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်တွင် သမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ၍ ပညာရည်ချွန်ဆုချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) သရဖီခန်းမတွင် ကျင်းပသည်။

လားရှိုးမြို့ လူငယ်သင်တန်းကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များ ပြသခြင်းကို လားရှိုးမြို့ လူငယ်သင်တန်းကျောင်း၌ ကျင်းပသည်။

မိုင်းယောင်းမြို့၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့န့နက်ပိုင်းက (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 ပြည်ထဲရေးဝန်ကြီးဌာန မိုင်းယောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဝမ်ထန်ကျန့်ကျေးရွာအုပ်စု၊ ဝမ်ပေါ့ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင်၊ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲကို CMA ကိုယ်ပိုင်အထက်တန်း‌ကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်