Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်မောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စတင်ဆောင်ရွက်လျက်ရှိ
Oct 02,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များနဲ့အတူ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက် (၇) နာရီအချိန်က စတင်ကောက်ယူဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်တွင် တံခွန်စိုက်ဆုရ သန်လျင်ခရိုင်အသင်းအား ဂုဏ်ပြုချီးမြှင့်
Oct 02,2024
ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်တွင် ပထမတံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော သန်လျင်ခရိုင်အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်တွင် သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းအချက်အလက်များကောက်ယူခြင်း လုပ်ငန်းစတင်ဆောင်ရွက်
Oct 02,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူနေမှုအား ယမန်နေ့ နံနက်ပိုင်းက ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် အသက် (၁၀၆) နှစ်အဘွား၊ (၁၀၅) နှစ် အဘိုးတို့နှင့်အတူ ဘိုးဘွားရိပ်သာမှ ဘိုးဘ…
Oct 02,2024
ယနေ့ အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တွင် အသက်အကြီးဆုံးအဖွားဖြစ်သူ ဘိုကလေးမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ငှက်ပျောချောင်းကျေးရွာတွင် နေထိုင်သော အသက် (၁၀၆) နှစ်အရွယ် အဘွား ဒေါ်သိန်းကြည်၊ ဘိုကလေးမြို့နယ်ရှိ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာနှင့် ရိပ်သာရှိဘိုးဘွားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းမှုများဆောင်ရွက်ရာ ယမန်နေ့နံနက် (၉) နာရီ အချိန်တွင် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပ…
Oct 02,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ကောက်ယူလျက်ရှိရာ စာရင်းကောက်သူများအား ချောင်းဆုံမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်နိုင်ဝင်း နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး ကာ လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိ
Oct 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ယမန်နေ့ အောက်တိုဘာလ (၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများထံသို့ စတင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အသက်(၁၀၀)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား အလှူငွေထောက်ပံ့ပေးအပ…
Oct 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အသက်(၁၀၀)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား တနင်္သာရီတိုင်းဒေသကြီးအစိုးအရအဖွဲ့မှ အလှူငွေများလှူဒါန်းရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ကြီးအဘိုး၊ အဘွားများထံသို့ အိမ်တိုင်ရာရောက်သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်
Oct 02,2024
မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာစာရင်းအင်း အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိစေရေး၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာသုတေသနပြုပြီး လူမှုရေး၊ စီးပွားရေးစီမံခန့်ခွဲရေးကိစ္စများအတွက် မူဝါဒချမှတ်နိုင်ရေး အထောက်အပံ့ပြုနိုင်ရန်နှင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတဝန်းလုံးတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ခံခြင်းလုပ်ငန်းများကို ယနေ့မှစ၍ စတင်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ရပ်ကွက်များနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူကော်မတီအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းကမှစတင်ပြီး စာရင်းစစ်စာရင်းကောက်များဖြင့် ကောက်ခံလျက်ရှိကြောင်း မုံရွာမြို့နယ်သန်းခေါင်းစာရင်း ကောက်ယူရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6778
Page
6779
Page
6780
Page
6781
Current page
6782
Page
6783
Page
6784
Page
6785
Page
6786
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department