သရက်ချောင်း အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အသက်(၁၀၀)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား တနင်္သာရီတိုင်းဒေသကြီးအစိုးအရအဖွဲ့မှ အလှူငွေများလှူဒါန်းရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ကြီးအဘိုး၊ အဘွားများထံသို့ အိမ်တိုင်ရာရောက်သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီးအစိုးအရအဖွဲ့မှလှူဒါန်းသော အသက်(၁၀၀)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား တစ်ဦးလျှင် အလှူငွေကျပ် တစ်သိန်းစီ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးထံမှ သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)