Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး၌ အသက်အကြီးဆုံးအဘွား ဒေါ်ခင်ညွန့် (၁၁၈) နှစ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်
Oct 02,2024
ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးတွင် အသက်အကြီးဆုံးဖြစ်သော ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ ဗြူးကုန်းကျေးရွာအုပ်စုနေ အသက် ၁၁၈ နှစ်အရွယ်ရှိ အဘွား ဒေါ်ခင်ညွန့်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၃) သိန်းတိတိကို ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက အဘွား၏နေအိမ်သို့ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ
Oct 02,2024
ပဲခူးတိုင်းဒေသကြီး အရှေ့ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ကျောက်ကြီးမြို့ပေါ်ရပ်ကွက်များတွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စတင်ကောက်ယူ
Oct 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မြို့နယ်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယမန်နေ့နံနက်(၇)နာရီမှ စတင်၍ စာရင်းကောက်အဖွဲ့ (၃၇)ဖွဲ့တို့က မြေပြင်ကွင်းဆင်း၍ ကောက်ယူလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ စတင်ကောက်ယူ
Oct 02,2024
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ထဲမှ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ယမန်နေ့ နံနက် ၇ နာရီအချိန်မှစတင်၍ ကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိ
Oct 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများထံသို့ စတင်ကွင်းဆင်း ကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းများ စတင်ဆောင်ရွက်
Oct 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့ ညဉ့်သန်းခေါင်ယံမှစတင်၍ မြို့ပေါ်ရပ်ကွက်များတွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေး၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း ကွင်းဆင်းကောက်ယူခြင်းစတင်ဆောင်ရွက်
Oct 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် ယမန်နေ့နံနက် (၇) နာရီတွင်မြို့ပေါ် (၈)ရပ်ကွက်၌ စတင်စာရင်းကောက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Oct 02,2024
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၇) နာရီအချိန်မှစတင်၍ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တာဝန်ကျကောက်ကွက်များအလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6777
Page
6778
Page
6779
Page
6780
Current page
6781
Page
6782
Page
6783
Page
6784
Page
6785
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department