Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ(ဗဟို)အဆင့်သို့ သွ…
Sep 22,2024
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ (ဗဟို)အဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ မကွေးတက္ကသိုလ်ရှိ ရေနံသာအဆောင်တွင် ကြိုတင်လေ့ကျင့်နေမှုအား ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်၍ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ် ဘို)နှ…
Sep 22,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စိန့်ဖရန့်စစ် ဇေးဗီးယဲကက်သလစ်ဘုရားရှိခိုးကျောင်း၌ မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ် ဘို)နှင့် ဂိုဏ်းအုပ်ဆရာတော်များအား ဂါရဝပြုသွားရောက်တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်တွင် ရေဘေးသင့်ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 22,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၁ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက် (၆)ခုနှင့် ကျေးရွာပေါင်း (၄၀) ကျော်တို့တွင် တောင်ကျရေများ ဝင်ရောက်ခဲ့ပြီး လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအလှူရှင်များဖြင့် ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်သင်တန်း ဖွင့်လှစ်
Sep 22,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးမြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကအောင်ဆန်းခန်းမတွင် သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဆုတောင်းပြည့်ဘုရား အမှတ်(၁၉၈၃) တိုက်မမြောက်ဘက်နံရံပြိုကျမှုဖြစ်ပွား
Sep 22,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တောင်ဘီကျေးရွာအနောက်ဘက်၊ ရွှေကွန်ခြာဘုရားအနီး၊ နတ်ထောင့်တိုက်၊ အင်းဝကျောင်းအနီးတွင်တည်ရှိသော ရှေးဟောင်းအဆောက်အအုံအမှတ် ၁၉၈၃၊ (ဆုတောင်းပြည့်ဘုရား)သည် စက်တင်ဘာ ၂၁ ရက်၊ ၉ နာရီ ၄၅ မိနစ်ချိန်တွင် တိုက်မမြောက်ဘက်နံရံ ပြိုကျမှုကြောင့် တိုက်မအထက်ရှိကွမ်းတောင်နှင့် အထွဋ်စေတီတို့ ပြိုကျပျက်စီးခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်
Sep 22,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ငါးမွေးကန်များအတွက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အင်းဘုတ်ကုန်းကျေးရွာ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ စာဖတ်ဝိုင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 22,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် Book Club အဖွဲ့က စာဖတ်ဝိုင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးခြင်းနှင့် အသိပညာပေး လက်ကမ်းများဖြန့်ဝေ
Sep 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင် ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီက ဟင်္သာတမြို့နယ်အတွင်းရှိ ဌေးဝင်းဈေးနှင့်ပဒေသာစျေး ရှေ့လမ်းတစ်လျှောက်နှင့် မြို့တွင်းလူစည်ကားရာနေရာတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6779
Page
6780
Page
6781
Page
6782
Current page
6783
Page
6784
Page
6785
Page
6786
Page
6787
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department