နတ်မောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စတင်ဆောင်ရွက်လျက်ရှိ

နတ်မောက် အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များနဲ့အတူ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက် (၇) နာရီအချိန်က စတင်ကောက်ယူဆောင်ရွက်လျက်ရှိသည်။

နတ်မောက်မြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၁)အုပ်စု၊ ကျေးရွာပေါင်း(၁၂၇) ရွာများ၌ ကောက်ကွက်ပေါင်း( ၂၈၆ )ကွက်ရှိပြီး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်ဖြင့် ရပ်/ကျေးအဆင့်ကော်မတီများမှ လူဦးရေနှင့်အိမ်အကြောင်းအရာများကို မှန်ကန်စွာစာရင်းကောက်ယူခဲ့ကြရာ ဒေသခံရပ်ကွက်/ကျေးရွာတာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လှဝင်း