အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌လာမည့်  ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် စားတော်ပဲ သီးနှံစိုက်ဧက ၃၁၈၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ 
Sep 22,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရွာလေးကုန်းကျေးရွာသို့ သွားရောက်၍ ဒေသခံပြည်သူများအား ယမန်နေ့နံနက် (၉) နာရီအချိန်က ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 22,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့ နယ်သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကာ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး(RS-CS) မျိုးစေ့ထုတ်စိုက်ခင်း စုပေါင်းဓာတ်မြေဩဇာ ကြဲပက်ပွဲကို မြေရဲတောင်အုပ်စု၊ တောင်သူဦးတင်ရှိန်၏ လယ်ယာမြေအတွင်း၌  ယမန်နေ့နံနက် ၈  နာရီခွဲက ကျင်းပပြုလုပ်သည်။
Sep 22,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 22,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင်များနှင့် မိုးသီးနှံစိုက်ပျိုးထားရှိမှုတို့အား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ယနေ့နံနက် ၈ နာရီအချိန်ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။