Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်တွင်းကြီးမြို့နယ်ရှိ ငမင်တမံရေပိုလွှဲမှ (၄.၅၀)ပေ ရေကျော်ကျလျက်ရှိ
Sep 23,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ညနေ (၄)နာရီအချိန်ခန့်ကစတင်၍ မိုးများသည်းထန်စွာရွာသွန်းခဲ့သဖြင့် ငမင်တမံ ရေပိုလွှဲမှ (၄.၅၀)ပေ ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်း ဖွင့်လှစ်
Sep 23,2024
၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့အထိ ၇ ရက်မြောက်နေ့အဖြစ် သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးရေလျှံမှု၊ မြေပြိုမှု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 23,2024
မန္တလေးတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုံး ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး မြစ်ချောင်းများအနီတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုစသည့် သဘာဝဘေးအန္တရာယ်များ ကျရောက် နိုင်သည့်အတွက် ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ် ချမ်းမြေ့မြိုင်ရိပ်သာ ကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
Sep 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ ချမ်းမြေ့မြိုင်ရိပ်သာတွင် ယာယီကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရိပ်သာရှိ မဟာအတုလ ဂုဏ်ရည်ဓမ္မဗိမာန်တော်တွင် ကျင်းပခဲ့ရာ မှော်ဘီမြို့နယ် အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဏဝံသအား အမှူးထား၍ ကိုပြည့်မောင် + Ma Smile မိသားစုနှင့် အောင်ဇမ္ဗူသာသနာပြုအဖွဲ့မှ လှူဒါန်းမှုကို အောင်ဇမ္ဗူသာသနာပြုအဖွဲ့ကိုယ်စား ဆရာတော် ဘဒ္ဒန္တဓမ္မပီယက ရေဘေးသင့် အိမ်ထောင်စုပေါင်း ၅၀၀ စုအတွက် ငွေကျပ် ၄၀၀ သိန်းတန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဟောပြောခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအတွက် သုံးပြည်ဝင်ဆန် အိတ် ၅၀၀ အိတ်၊ ဓာတ်ဆား ၁၀၀၀ ထုပ်၊ အိမ်ထောင်စုတစ်စုလျှင် အိမ်သုံးပစ္စည်း ၁၂ မျိုးပါ ပုံး ၅၀၀ ပုံးတို့ကို လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လက်ခံယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း အခမ်းအနားကျင်းပ
Sep 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း အခမ်းအနားကို ယမန်နေ့မွန်းပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဝင်းအတွင်း ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သဘာဝဘေးကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိ လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွ…
Sep 23,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ မွန်းတည့်ခွင် - ကျည်တောင်- ခေါမ - ညောင်ပင်သာလမ်းပေါ်ရှိ ဇီးဖြူပင်ကျေးရွာအနီးတွင် ကတ္တရာလမ်း ရေတိုက်စားမှုကြောင့် ပျက်စီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အများပြည်သူများ သွားလာမှုအဆင်ပြေစေရေး၊ လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် အမြန်ပြီးစီးအောင် ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေး ဟောပြော
Sep 23,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်မြင့်မော် ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အတွင်း ရေဘေးသင့် မိုးရေကြီးပြီး ရေကြီးရေလျှံဖြစ်ကာ ရေနစ်မြုပ်ခြင်း၊ ရေဝင်ခြင်းများ ဖြစ်ခဲ့သော ရပ်ကွက်၊ ကျေးရွာ (၆၆) နေရာတို့တွင် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့(၆)ဖွဲ့မှ ကျန်းမာရေးဝန်ထမ်းကျန်းမာရေး ဝန်ထမ်း(၇၅)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ရေဘေးသင့်ခံခဲ့ရသည့် ရပ်ကွက်၊ ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသည့်လုပ်ငန်းများ ကွ…
Sep 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ (၁၁) ရက်မှ (၁၂) ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး နဝင်းချောင်းရေလျှံမှုကြောင့် နဝင်းချောင်းဘေး ဝဲ၊ ယာတွင် ရှိသော ရေဘေးသင့်ခံခဲ့ရသည့် ရပ်ကွက်၊ ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ နေပြည်တော် MSME အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6776
Page
6777
Page
6778
Page
6779
Current page
6780
Page
6781
Page
6782
Page
6783
Page
6784
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department