အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ် အခြေခံပညာအထက်တန်းကျောင်း၏ နှစ်စဥ်ကျင်းပမြဲ ဖြစ်သော  ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ကျိုက်မ ရော)ကျောင်းပညာအားမာန်ခန်းမ၌  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Nov 08,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 08,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က အခြေခံပညာမူလတန်း(မူလွန်)(ဗျိုင်းကွင်း)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ရန်ကုန်)တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ မြေပဲ (၈၆၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ မြေပဲစိုက်ဧက (၂၉၃၀) ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက လျာထားစိုက်ဧက ပြည့်မီစေရန် ယခုနှစ် အောက်တိုဘာ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပဲ (၈၆၉) ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Nov 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဖြူးမြို့ကုတင် (၁၀၀)အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မိုး ခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့က လာရောက်ကုသသည့် ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးကြောင်း သိရသည်။
Nov 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အသက်နှစ်လမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပြည်သူ့ဆေးရုံ၌ ထိုးနှံကြောင်း သိရသည်။
Nov 08,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Nov 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။