မိုင်းယောင်းမြို့၌ စဉ်ဆက်ပညာရေးလုပ်ငန်းအခမ်းအနားကျင်းပ

မိုင်းယောင်း နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ယမန်နေ့ညနေ ၃ နာရီက ခရိုင်/မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် စဉ်ဆက်ပညာရေးလုပ်ငန်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး ခရိုင်စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ခရိုင်ပညာရေးမှူး ဦးတင့်ဆွေက စဉ်ဆက်ပညာရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက စဉ်ဆက်ပညာရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး အထွေထွေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ တာဝန်ခံများနှင့် စာရေးများ၊ နည်းပြနှင့် ကြီးကြပ်များ စုစုပေါင်းအင်အား (၇၂)ဦး တက်ရောက်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း