မြစ်သားမြို့နယ်တွင်  ‌ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးဧကများအား  ဆောင်းသီးနှံအစားထိုး စိုက်ပျိုးနိုင်ရေး အတွက် (မတ်ပဲ၊ပဲတီစိမ်း၊နေကြာ)မျိုးစေ့များနှင့် မိုးစပါး၊  ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး  သွင်းအားစုပေးအပ်ပွဲကျင်းပ

မြစ်သား နိုဝင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင်‌  ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီး ဧကများအား ဆောင်းသီးနှံအစားထိုး စိုက်ပျိုးနိုင်ရေးအတွက်(မတ်ပဲ၊ပဲတီစိမ်း၊နေကြာ)မျိုးစေ့များနှင့် မိုးစပါး၊ ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး  သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က မြစ်သားမြို့ ရွှေသူဌေးရပ်ကွက်ရှိ  စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး  ဒေါ်ခင်ငြိမ်းထွေးက (မတ်ပဲ၊ပဲတီစိမ်း၊နေကြာ) မျိုးစေ့များနှင့် မိုးစပါး၊ ချည်မျှင်ရှည်ဝါ သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိ ရေးသွင်းအားစုပစ္စည်းများ ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးစိုးမင်းနိုင်က (မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ) မျိုးစေ့များနှင့်မိုးစပါး၊ ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊မြေ၊ပိုးနည်းစနစ်စသည့်အချက်များကို အခြေခံကာ တောင်သူများအား  ပညာပေးဆွေးနွေးဖလှယ်စေခြင်း စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့်တောင်သူများကို သွင်းအားစုပစ္စည်းများဖြစ်သော ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ရွက်ဖြန်းဆေး၊ မတ်ပဲမျိုးစေ့၊ ပဲတီစိမ်းမျိုးစေ့၊ နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုး၊ မြေ၊ ပိုး တာဝန်ခံများကဆောင်းသီးနှံများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်း ပြောကြားခဲ့မှုအပေါ် တောင်သူများက သိလိုသောအကြောင်းအရာများကို မေးမြန်းဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ ကျောက်ဆည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ခင်ငြိမ်းထွေး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုး၊  မြေ၊  ပိုးတာဝန်ခံများ၊ မြစ်သားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီဝင်များ၊ မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးစိုးမင်းနိုင်နှင့်ဝန်ထမ်းများ၊ ‌ဒေသခံ တောင်သူများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

သီတာအောင်