ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးထပ်နှင့်သီးနှံစိုက်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ပြည် နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြည်မြို့ရွာဘဲ ရပ်ကွက်သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်း ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ဆောင်ရွက်နိုင်မှုထူးချွန်နှင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပထမဆုရရှိသည့် ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ မိုးစပါးစိုက်ပျိုးမှု ထူးချွန်ဆုရှိသည့် ပြည်မြို့နယ်မှ တောင်သူဦးအောင်ကိုလတ်နှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပေါက်ခေါင်းမြို့နယ်မှ တောင်သူဦးသန်းဇော်ဌေးတို့အား ဆုများပေးအပ်ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး အောင်သောင်းထိုက်က မြေပဲစိုက်ပျိုးထုတ်လုပ်မှု ထူချွန်ဆုရရှိသည့် ပန်းတောင်းမြို့နယ်မှ တောင်သူ ဦးမင်းမင်းလတ်၊ နှမ်းစိုက်ပျိုးထုတ်လုပ်မှုထူးချွန်ဆုရရှိသည့် ပေါက်ခေါင်းမြို့နယ်မှ တောင်သူဦးနန်းဝင်း၊ ပဲစဥ်းငုံစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပေါက်ခေါင်းမြို့နယ်မှ တောင်သူဦးအောင်ဝင်းကြီးတို့အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးတင်ဦးက မတ်ပဲစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပြည်မြို့နယ်မှ တောင်သူဦးသက်ဇော်၊ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပေါက်ခေါင်းမြို့နယ်မှ တောင်သူဦးကြည်စိုးတို့အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင့်ဆွေက ချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပေါက်ခေါင်းမြို့နယ်မှ တောင်သူဦးဝင်းမောင်လေး၊ ကြံစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပေါက်ခေါင်းမြို့နယ်မှ တောင်သူဦးဇော်ဝင်းတို့အားလည်း​ကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ်သီးနှံအထွက်နှုန်းမြင့်မားမှုရရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက ဆုရရှိကြသည့် တောင်သူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူခဲ့ကြကြောင်း သိရသည်။

ကိုစိုး(ပြန်/ဆက်)