ဇီးကုန်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုသောအားဖြင့် အခမဲ့ဆေးကုသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ဇီးကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ယမန်နေ့က မြောက်လွှတ်ကုန်းကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညို့က (၂၃ )ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အနေဖြင့် အခမဲ့ကွင်းဆင်းကုသပေးရခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားသောက်နှင့်နေထိုင်နည်းအကြောင်း ပညာပေးဟောပြော၍ သာယာဝတီမြို့နယ်တိုင်းရင်းဆေးကုဌာန ဒေါ်တင်နွယ်နွယ်ဝင်း (မြို့နယ်တိုင်းရင်းဆေးမှူး)မှ သွေးတိုးရောဂါအကြောင်းသိကောင်းစရာနှင့် လိုက်နာဆောင်ရွက်ရန်၊ ရှောင်ကျဥ်ရန်တို့ကိုအသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဦးအောင်ညို(မြို့နယ်တိုင်းရင်းဆေးမှူး)၊ သာယာဝတီမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်တင်နွယ်နွယ်ဝင်း(မြို့နယ်တိုင်းရင်းဆေးမှူး)၊ ကြို့ပင်ကောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဦးသက်လုံဦး(မြို့နယ်တိုင်းရင်းဆေးမှူး)နှင့်ကြို့ပင်ကောက်မြို့နယ် တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်မောင်ဦးတို့ ပူးပေါင်းပါဝင်၍ အမျိုးသား (၁၄)ဦးနှင့် အမျိုးသမီး(၃၃)ဦး စုစုပေါင်း ဒေသခံပြည်သူ(၄၇)ဦးအား အခမဲ့ကျန်းမာရေး စောင့်ရှောက် မှုပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)