ပျဉ်းမနား နိုဝင်ဘာ ၉
စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းဖြင့် ဆောင်ရွက်သည့် ဒုတိယအကြိမ် ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှုနည်းပညာဆွေးနွေးပွဲနှင့် ကြံသီးနှံ စံပြကွက်များသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျီးဖြူ ရိုးကျေးရွာ၊ တောင်သူ ဦးသိန်းရွှေ၊ ကွင်းအမှတ် ၁၇၀၉၊ ကြံစိုက်ဧက သုံးဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်ကြွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သကြားထွက်သီးနှံ ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာစိုးက ကြံသီနှံစိုက်ပျိုးနည်းစနစ်များနှင့် ကြံသီးနှံအထွက်တိုးနည်းပညာများကို ဆွေးနွေးပြောကြားပြီး ကြံသီးနှံစိုက်ပျိုးရေး အထောက်အကူပြု ပစ္စည်းခြောက်မျိုးကို ကြံစိုက်တောင်သူ ၅၅ ဦးထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)