လယ်ဝေးမြိုနယ်၊ အောင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

လယ်ဝေး နိုဝင်ဘာ ၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်‌ အေးအေးသွယ်က အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်း ကျင်းပရာမြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(ခွဲ) (အောင်းကုန်း) Grade.11မှ မမြတ်ဆုကျော်က လူငယ်နှင့် စာဖတ်ခြင်း၊ Grade.10မှ မသဲငုဝါခင်ကလူငယ်နှင့်စာရိတ္တ၊Grade.11မှ မအိအိငြိမ်းက လူငယ်နှင့်ရည်မှန်းချက်၊ Grade.10မှ မယွန်းပြည့်စုံက လူငယ်နှင့်ကျန်းမာရေး စသည့် ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသားကျောင်းသူလေးများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဥ် အလိုက်ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်ပြပွဲအား ကျောင်း သား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 အိအိငြိမ်းဖြူ(ပြန်/ဆက်)