အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကွင်း၌ (၆) ရက်တိုင်တိုင်ကျင်းပခဲ့ပြီး နိုဝင်ဘာလ (၁၅) ရက် ညနေ (၅) နာရီတွင် ဘုရားငါးဆူကွင်းမှ စတင်ကာ ဒေသစာရီလည့်လည်ပူဇော်ပွဲ ကျင်းပရာလမ်းတလျှောက် ဘုရားဖူးပြည်သူများဖြင့် မြိတ်မြို့၏ တန်ဆောင်မုန်းလပြည့်ညသည် စည်ကားခဲ့ကြကြောင်း သိရသည်။
Nov 16,2024
မန္တလေးမြို့ စျေးချို ဝါးတန်းရပ်၊ မဟာကထိန်တော် အသင်းကြီး၏ (၁၂၇) ကြိမ်မြောက်၊ မဟာကထိန်တော်ရေစက်ချအခမ်းအနားကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့နံနက် ကိုးနာရီက မဟာအောင်မြေမြို့နယ် ၈၉ လမ်း ၊ ၃၉ × ၄၀ လမ်းကြား ဝိဇ္ဇာလင်္ကာရကျောင်းတိုက်၊ ပန်းနဂါးဓမ္မဗိမာန်တော်တွင် ကျင်းပပြုလုပ်သည်။
Nov 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သမိုင်းဝင်ကျိုက္ကဆံ ဆံတော်ရှင်စေတီတော်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် (၄၃) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်ခတ်ယှဉ်ပြိုင်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို အဆိုပါစေတီတော်ဂေါပကအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) ညနေ ၅ နာရီအချိန်က အဆိုပါ စေတီတော်ရင်ပြင် စနေထောင့်၌ ကျင်းပခဲ့သည်။
Nov 16,2024
လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာအုပ်စုများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ 
Nov 16,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထအကြိမ် စုပေါင်းမိုးကျကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စအောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(သုဓမ္မာ)၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ ဆရာတော်ကြီးအမှူးပြုပြီး ပင့်သံဃာတော်များနှင့် ကထိန်ခံဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူ၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။
Nov 16,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ည ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ခြင်းနှင့် နိဗ္ဗာန်ဈေးအလှူပွဲ ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ည (၆) နာရီအချိန်က ကျိုက်မုရောစေတီတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း သာသနာဗိမာန်တော်ကြီးတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ရွှေတောင်မြို့နယ်အတွင်း ဒေသခံအလှူရှင်များ စုပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းက ဂန္ဓာရုံကျောင်းတိုက်ဆရာတော်များ ဦးစီး၍ (၄၀) ကြိမ်မြောက် (မိုးကျ) စုပေါင်းဘုံကထိန်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
Nov 16,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၁၂) ရက် ညနေ (၅) နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် MSMEs ဒေသထွက်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပွဲတော်လာပြည်သူများ၊ စျေးသည်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။