ဆီဆိုင်မြို့၌ (၂၈)ကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ

ဆီဆိုင် နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီဆိုင်မြို့ ဟိုခဲရပ်ကွက်ရှိ ဉတ္တရုံကျောင်းတိုက်တွင် (၂၈)ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ နံနက် နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တကေသရနှင့် သံဃာတော်များထံမှ တက်ရောက်လာကြသည့် ရှေ့တန်းအမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ယာယီစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်သူရ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှအရာရှိ၊ စည်သည်မိသားစုများ၊ ဒေသခံစေတနာရှင်ပြည်သူများက ဩကာသကန်တော့ချိုးဖြင့်ကန်တော့၍ ငါးပါးသီလနှင့်ပရိတ်တရားတော်များကို နာယူဆောက်တည်ကြသည်။ ဆက်လက်၍  ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီးနောက် ကထိန်အနုမောဒနာတရားတော်နာယူကာ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်၊ သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်တွင် ရှေ့တန်းအမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ မိသားစု၀င်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံစေတနာရှင်ပြည်သူများမှ ပစ္စည်းတန်ဖိုး (၂,၈၂၃,၅၀၀)ကျပ်၊ ငွေသားတန်ဖိုး (၁၂,၃၀၄,၅၀၀)ကျပ်၊ စုစုပေါင်း တန်ဖိုးငွေ (၁၅,၁၂၈,၀၀၀) ကျပ်ကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)