မိုးနဲမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

မိုးနဲ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆတ်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း ပုလဲ‌ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက်စကား ပြောကြား‌ပေးခဲ့သည်။

ဆတ်လတ်၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက အမှာစကားကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွှန့်ရွှေက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်စကားပိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/သူလေးများက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး စသည့် ခေါင်းစဉ်များဖြင့် အသီးသီပြောကြားခဲ့ကြရာ သိရှိလိုသည့်အချက်များကို ကျောင်းသား/ သူ‌လေးများက ပြန်လည်မေးမြန်းရာ ခေါင်းစဉ်အလိုက် အသီးသီး ပြန်လည်ဆွေးနွေးပေးခဲ့ကြသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှူဒါန်းသော သုတ၊ရသစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပေးအပ်လှူဒါန်းရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီထွန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)