Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ခန္တီးမြို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းစုပေါင်းမဟာဘုံကိန်အလှူတော်မင်္ဂလာ ကထိန်လျာသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်
Nov 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ မဟာဘုံကိန်အလှူတော်မင်္ဂလာ ကထိန်လျာသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုဆရာတော် ဘဒ္ဒန္တဝိစိတ္တရထံမှ (၈) ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲ အခမ်းအနားကျင်းပ
Nov 16,2024
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် ၁/၂၀၂၄ ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ဆူးလေစေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင်ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား ကျင်းပ
Nov 16,2024
ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ဆူးလေစေတီတော်မြတ်ကြီး၌ တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) တန်ဆောင်တိုင်ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရှိ ယင်းစေတီတော်မြတ်ကြီး၏ မြောက်ဘက်မုခ်အာရုံခံတန်ဆောင်း၌ ယမန်နေ့နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့ တန်ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်တွင် နွားလှည်းယဉ်ကျော့ ပြိုင်ဆိုင်ခြင်းဖြင့် ကျင်းပ
Nov 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရိုးရာပွဲတော်ကို ဖော်ထုတ်မြှင့်တင်အားပေးခြင်းဖြင့် တပ်ကုန်းမြို့ တန်ဆောင်တိုင်ပွဲတော်နှင့်MSME ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းဝင်းအတွင်း၌ နွားလှည်းယဉ်ကျော့ပြိုင်ပွဲအား နံနက်နှင့် ညနေပိုင်း နှစ်ချိန်ခွဲကာ စည်ကားစွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းကြီးလောင်းလှူပွဲကျင်းပ
Nov 16,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းကြီးလောင်းလှူပွဲကို ယမန်နေ့ နံနက်(၇)နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ဆွမ်းကြီးလောင်းလှူပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရ၌ WiFi ပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Nov 16,2024
အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ မှိုက်စုတောင်ရပ်ရှိ ဒေါ်ငွေစန်း(ခ)ဒေါ်ပူဆူး(သ)၅၂နှစ်၊ မှတ်ပုံတင်အမှတ် (မမှတ်မိ) ပိုင်ဆိုင်သော ၁၅ x ၂၀ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း (၂၂း၄၅)အချိန် သတင်းအရ အမရပူရမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မျိုးထက်ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၁)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦးဖြင့်ထွက်ခွာခဲ့ပြီး ရေဂါလံ(၃၀၀၀)ခန့်အသုံးပြု၍ ငြှိမ်းသတ်ခဲ့ရာ(၂၂ ၅၇)အချိန်တွင် မီးထိန်း/ မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ တန်ဆောင်တိုင်ပွဲတော်ကာလ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသူများ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးစည်ကား
Nov 16,2024
မကွေးတိုင်းဒေသကြီး ရေနံခေျာင်းမြို့နယ်၌ တန်ဆောင်တိုင်ပွဲတော်ကာလ နိုဝင်ဘာ ၁၅ ရက် (တန်ဆောင်းမုန်းလပြည့်နေ့) နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာများတွင် ပဒေသာပင်လှည့်လည်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသူများ၊ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
(၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
Nov 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် (၃၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6646
Page
6647
Page
6648
Page
6649
Current page
6650
Page
6651
Page
6652
Page
6653
Page
6654
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department