အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် စနေနေ့တိုင်း ကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို “မိုးစပါးပန်းတိုင် အထွက်ရရှိရေးနှင့် စပါးမျိုးသစ်များအကြောင်း” ခေါင်းစဉ်ဖြင့် (၃၉)ကြိမ်မြောက်အဖြစ် ယမန်နေ့နံနက်ပိုင်းက စုဝေခန်းမ၌  ကျင်းပခဲ့သည်။
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ဦးစီးကျင်းပသော မြို့နယ်အဆင့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ဖျာပုံမြို့ အထက- ၁ ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 23,2024
သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးလာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် သစ်တောဦးစီးဌာန၊ ကျောင်းကုန်းဘိနယ်မှကြီးမှူး၍ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရေဂလုပ်အုပ်စု၊ ချောင်းဝကျေးရွာ၊ ထူပါရုံဘုရားကြီးဝန်းအတွင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် GEC ပညာရေးငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်၉နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့သည်။
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့၊ မြစိမ်းရောင်သာသနာ့နယ်မြေတွင် ကျင်းပခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
Jun 23,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊  ရွှေနီအောင်သိန်းဖောင်ဒေးရှင်း၏ (၂၁)ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ နံနက်(၉)နာရီက ရုံးရပ်မူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
Jun 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jun 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် အဆောက်အဦတချို့ ပျက်စီးခဲ့ကြောင်း သိရသည်။