Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jun 24,2024
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ
Jun 24,2024
ကျောင်းသားလူငယ်များ စာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Jun 23,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သံကိုင်းကျေးရွာ၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်၌ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား လိုက်လံစစ်ဆေး
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ရှောင်တခွင်လိုက်လံစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ဘားအံ) ၏ ဆဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း
Jun 23,2024
ကရင်ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ အထိ ပညာသင်ကြားပြီးမြောက်အောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်များကို အပ်နှင်းပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ ဂေဟဟနစ် ပြန်လည်ဖြည့်တင်းရေးအတွက် သဘာဝဘေးမဲ့ ငါးမျိုးစိတ်အကောင်ရေ ( ၁၅၀၀၀) စိုက်ထည့်
Jun 23,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအလတ်စားခွင့်ပြုမိန့်ရ ပြန်လည်အပ်နှံပြီးဖြစ်သော ဟိန်းကောင်းဆက်ကုမ္မဏီ၏ SEMU-2 လုပ်ကွက်မှ တူးဖော်ခဲ့သော ရေကန်အတွင်း သဘာဝဘေးမဲ့ငါးမျိုးစိတ်အကောင်ရေ ( ၁၅၀၀၀) စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ပေါ့ကျေးရွာအနီးရှိ ဟိန်းကောင်းဆက်ကုမ္မဏီ၏ SEMU-2 လုပ်ကွက်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Jun 23,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိအနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသောရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် အမှတ် (၂) စစ်နယ်မြေမှူးက ချောင်းငယ်ကျောင်းဆရာတော်နှင့် သံဃာတော်များအတွက် ဆွမ်းဆန်၊ ဆီနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်း
Jun 23,2024
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူသည် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော် ကျော်ခေါင် ၊တနင်္သာရီမြို့နယ် စရတ(ကရခ) ခွဲ(၂) စု(၃) တပ်စုမှူး ဒုအရာခံဗိုလ် မောင်စိုးနှင့် အဖွဲ့ဝင်များလိုက်ပါလျှက် ယနေ့ နံနက် ၁၁နာရီခွဲအချိန်က တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်- ချောင်းငယ်ဘုန်းတော်ကြီးကျောင်းတိုက်သို့ မော်တော်ယာဥ်များဖြင့် ရောက်ရှိလာပြီး ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသံဝရအား ဖူးမျှော်ကြည်ညို၍ ဆရာတော်နှင့်တကွ သံဃာတော်များအတွက် ၂၄-ပြည်ဝင် ဆွမ်းဆန်(၅)အိတ်၊ စားဆီ ၁၀-ပိဿာဝင် (၁) ပုံးနှင့် အချိုရည်ဘူးများ စုစုပေါင်းကာလတန်ဖိုးငွေ (၆) သိန်းကျပ်ဖိုးကို ဆက်ကပ်လှူဒါန်းပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4704
Page
4705
Page
4706
Page
4707
Current page
4708
Page
4709
Page
4710
Page
4711
Page
4712
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department