ဇေယျာသီရိ ဇွန် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူး ဦးမြတ်သီဟ၊ ဇေယျာသီရိခရိုင် မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ရာ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းသူက ဇေယျာသီရိမြို့နယ် မီးသတ်စခန်းနှင့် နယ်မြေမီးသတ်စခန်းများအား မီးသတ်ယာဉ်စက်များ ကောင်းမွန်အသင့်ရှိစေရေး၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ ကျွမ်းကျင်စွာအသုံးပြုတတ်စေရေး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းအိမ်ရာလိုင်းခန်းမျာနှင့် မြို့နယ်မီးသတ်စခန်းများ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မိသားစုနှင့် ကလေးငယ်များအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)